မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို ... "သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း" မှ နွေးထွေးစွာကြိုဆိုပါသည် ...

ပန်းခရမ်းပြာကို ပန်ဆင်ခြင်း

ရုန်းကန်ဘ၀က
တချက်ကလေးမှ မျက်နှာသာမပေး
လှိုက်ဆူနွမ်းကျလာစေခဲ့ ။

ခက်ခဲကြမ်းတမ်းဝန်ထုတ်များ
ငါ့အား ဖိနှိပ်ဖိစီးထားနေခဲ့ ။

နံနက်ခင်း အလုပ်သွားတဲ့လမ်းတကွေ့
ခြံစည်းရိုးပေါ်မှာပွင့်တဲ့ ပန်းခရမ်းပြာများတွေ့လိုက်ရဲ့ ။

လှလည်းလှ အလန်းဆန်းဆုံးပွင့်လန်း
ပန်းခရမ်းပြာတွေက ငါ့ကိုပြုံးပြနှုတ်ဆက်ခဲ့ ။

နွေလည်နံနက်ခင်း
အားတင်းပွင့်နေတဲ့ ပန်းရဲ့ခွန်အားများ
ငါ့အား ကူးစက်ခဲ့ ။

ညှိုးရော် ပမ်းလျှစိတ်
ရိပ်ကနဲ ငုတ်ကွယ် ပျောက်သွားခဲ့လေရဲ့ ။

ပန်းအလှ ပန်ဆင်လိုက်ရတဲ့ ငါ့နှလုံး
ရယ်ပြုံး နိုးကြွ ခေါင်းမော့ခဲ့ ။

အေးမြနှင်းရည်
တယ်ရီဟတ်တက္ကသိုလ်၊ စားသောက်ဆိုင်
သြဂုတ် ၂၇ ၊ ၂၀၁၁

No response to “ပန်းခရမ်းပြာကို ပန်ဆင်ခြင်း”