ကမ္ဘာ့မှတ်ကျောက်နဲ့  ပေထက်အက္ခရာတင်
သွေးစိမ်းရှင်ရှင် ပင်လယ်ဝေခဲ့ရတဲ့
ရှစ်ဆယ့်ရှစ် သမိုင်းစဉ်ကို
ဘယ်အကောင်ရဲ့ သရေ(သားရေ)နဲ့ 
ဖုံးဖိ ဖျောက်ဖျက်လို့ ရမလဲ။
အသိတရားကင်းကင်း
တောရိုင်းသားရဲ ဥပဒေမျိုးတွေ
အာဏာတွေမောက်မိုး စစ်တန်ခိုးနဲ့ 
လက်နက်တွေ ထောင်ထ မာန်ကြွ
ရိုင်းပြမိုက်မှောင်မည်းလှတဲ့ အတွေးခေါ်
မိုးပေါ်မထောင် တည့်တည့်ပစ်ခံခဲ့ရ
အပြစ်မဲ့ လက်နက်လည်းမဲ့ ကျောင်းသားနဲ့ ပြည်သူ
ငြူစူရက်ပါပေ့
ရက်စက်ကြပါပေ့
သူတို့ မျိုးရိုးဇာတိ ဖြစ်စဥတွေငဲ့ပြန်ကြည့်တော့
ပြည်သူ့ ရင်သွေး
ပြည်သူကကျွေးလို့  သူတို့ လူလုံးလှ…။
သူတို့ တွေ
ယောရုဝကိုမမှု့ လူထုအမှန်တရားကိုအံတု
လိမ်သည်ထက် သပွတ်အူ
ဝှက်သည်ထက် ပဉ္စလက်
ရက်စက်သည်ထက် ဟစ်တလာခေတ်
စစ်အာဏာရှင် ဒီစနစ်မှာ
အမှန်တရားအတွက် သူရဲကောင်းတွေ
သော့အခတ်ခံရ သော့တွေလို
အမှန်တရားကို အကျဉ်းချတတ်တဲ့
သံတိုင်တွေရဲ့ နောက်
မတရားဥပဒေပြင်ဆင်ချက်မှုအောက်မှ
လူထုက ဆက်ကပ်တဲ့ ဆွမ်းခဲဘောဇဉ်
ရဟန်းသူတော်စင်များသော်မှ
အနုမောဓနနဲ့ ပေးကြေကြ
နွမ်းပါးပြည်သူကကျွေး စားဝတ်နေရေး
ပခုံးပေါ်က ကြယ်ကလေးတွေက အစ
ရီခြင်းအ၀ ၀တွေ
ဘာနဲ့ ပေးချေကြလဲ
ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ တပ်မတော်နဲ့ 
လမ်းက အချော်ကြီးချော်နေကြ..။
ငါတို့ တွေ
ဘ၀ နေပူပူကိုအံတုနေရရင်း
အနာဂတ်တွေကမှောင်သထက် မှောင်
ရှိစုမဲ့စုတွေကပြောင်သထက် ပြောင်
ယာခင်း တောင်ယာတွေ
စစ်ချစ်တီးဆီမှာ အလိုမတူပေါင်နံထားရ..။
လေထု
မြေထု
လူထုအတွက်ဆိုတာ သူတို့ ဆီမှာ
ဗြဟ္မာစိုရ်တရားအသာထား လို့ 
ကိုယ်ချင်းစာတရားပါးပါးလေးတောင်
ကမ္ဘာ့ရှားကုန်...။
လူထုက
သမိုင်းကို အသက်သွေးချွေးတွေနဲ့ 
မွေးထုတ် ထုဆစ်ခဲ့ကြသလို
သူတို့ ကကလည်း
သမိုင်းအကြွေးကို …………….ဆပ်ဖို့ ပြင်။
မျက်နာလှည့် နားရိုက်
ယူနီဖေါင်းချွတ် အရပ်ဝတ်အသွင်ပြောင်းယုံနဲ့ 
ဆူဝေနေဆဲ သွေးရနံ့ တွေပျောက်ပျက်မသွားဘူး
တို့ အရေး…..
အော်သံနဲ့ တော်လှန်မာန်တွေဆိပ်ငြိမ်မသွား
အရိုးတွန်သံ တခန်းရပ်နိဂုံးချုပ်မသွားဘူး..ေ
မင်းတာရာ
၀၇-၂၈-၁၁

















No response to “မနွဲ့ ကြေး အလှည့်ပေးတဲ့အခါ”
Post a Comment