မင်းတာရာမြင့်မိုရ်ထက်ကျေးဇူးကြီးလှ ချစ်စွာသောအမိ အဖနဲ့ 
ဝေးကွာခဲ့ရ နှစ်ဆယ့်သုံးနှစ်။
ရောင်စုံသာဘာဝနဲ့ လှပနေတဲ့ ချက်မြုတ်မွေးမြေ
အလွမ်းမပြေ ဝေးကွာနေဆဲ နှစ်ဆယ့်သုံးနှစ်။
ကြောက်စိတ်တွေက ကြောက်လန့် ထွက်ပြေး
ငါ့ခန္ဓာနဲ့ ဝေးရာ
သတ္တိတွေသာ ငါ့ကိုယ်အင်္ဂါအနံ့ 
သွေးသားနဲ့ ရောစပ် လည်ပတ်ခဲ့ နှစ်ဆယ့်သုံးနှစ်။
လွတ်လပ်မှ အမျှဝေဖို့ 
ပြည်လုံးကျွတ် စစ်ကျွန်ဘ၀ကလွှတ်မြောက်ဖို့ 
တော်လှန်စိတ်တွေနဲ့ တော်လှန်နေဆဲ...။
ကျောင်းသား ကလေးငယ်များဆိုတာ
ကမ္ဘာ့လှို့ ဝှက်ချက်တွေ ဖွင့်မယ့် သော့
ကမ္ဘာသစ်ကို ထုဆစ်ဆေးချယ်မယ့် ပုဂ္ဂိုလ်ကျာ်တွေ
ကလေးငယ်များဆိုတာ...
ကလေးငယ်များဆိုတာတွေဟာ....
အနာဂတ်အတွက် အရှင်သခင်
ဒါတွေမြင်လို့ များ ရက်စက်စွာ မျိုးဖြုတ်လေရော့လား?
ရှစ်ဆယ့်ရှစ်မှ ကနေ့ ထိတိုင် ။
သွေးမုန်တိုင်းထဲစိမ်နစ် စစ်ကျွန်ဖြစ်ရတဲ့
မြန်မာ့သမိုင်းအရိုင်း
အတိုင်းတိုင်းအပြည်ပြည်ဆီပျံ့ လွှင့်
ရက်ရက်စက်စက် အကြင်နာမဲ့စွာနဲ့ 
ကျောင်းသား ကျောင်းသူ
ကလေးသူငယ်က အစ
လူစုံ
အလွှာစုံ
ဘာသာတွေစုံ တို့ က
ကျောင်းသားအခွင့်အရေး
နိုင်ငံသားအခွင့်အရေး
ဒီမိုကရေစီလူ့ အခွင့်အရေး
သွေးအေးအေးနဲ့ ရိုးသားစွာတောင်းဆိုမှုကို
ရမ္မက်ဆူဆူ အတ္တထူထူတွေက
သေရည်သေရက်ရမ္မက်ဆေးကြွေးထားသမျှ
စစ်သွေးမာန်ကြွနာဠာဂီရိကို ချွန်းကုန်ဖွင့်သလို
လူစိတ်မဖက် စစ်စက်ရုပ်တွေကိုစေ
လူထုသွေးတွေနဲ့ ပင်လယ်ရေဖြည့်ခဲ့
တောင်တန်းတွေ လူထုအရိုးပုံအောက်ရောက်စေခဲ့
လက်နက်မဲ့ပြည်သူကို ရက်စက်ခဲ့ကြပုံ။
အဲဒီ ကျခဲ့တဲ့သွေးစ
ဘယ်လိုဆေးကြောခြောက်သွေ့ စေလည်း
စိုစွတ် အရင်အတိုင်းပဲ
ခြောက်သွေ့  ထိုင်းမှိုင်းမသွားဘူး
ကောင်းကင်ကြီး မပြိုသရွေ့ 
ကမ္ဘာမီးမလောင်သရွေ့ ။
အို….အာဇာနည်အပေါင်း သူရဲကောင်းတို့ 
ကျွန်ုပ်တို့ နဲ့ အတူ သင်တို့ ပေးဆက်အစပြုခဲ့
မေ့မရတဲ့ ရှစ်ဆယ့်ရှစ်သွေးသမိုင်းအရိုင်း
စင်္ကြာဝဌာတိုင်တသောင်းက သူတော်ကောင်းအပေါင်းတို့ သိကြတဲ့
ဒီစာမျက်နာမော်ကွန်းများ
ဘယ်လိုတရားမဲ့မဲ့ ရက်စက်ခြောက်လန့် မှု
လိမ်လည် ဖြားယောင်းသွေးဆောင်မှုမျိုးနဲ့ ပြီးဆုံးစေလည်း
ငါတို့ . .အသွေးအသား ရိုးတွင်းချဉ်ဆီထဲထိတိုင်
ရိုးသားနာကြည်းစွာ ခံပြင်းကိုက်ခဲနေဆဲ
လွတ်လပ်မှ အမျှဝေဖို့ အတွက်
ဒူးမထောက် လက်မမြောက်
အသက်သွေးရှိသလောက် တော်လှန်နေဆဲ။
လူသားဆန်မှုလွတ်လပ်ရေးအတွက်
လူသားဆန်စွာ ကိုယ်ကျိုးစွန့် တော်လှန်ရင်း
ကျဆုံးခဲ့ကြ အာဇာနည်အပေါင်းတို့ 
နှစ်သိန်းလေးသောင်းအထု
ကမ္ဘာမြေထုကို သက်သေပြုရင်း
ခွပ်ဒေါင်းအလံတော်ကို စွဲမြဲကိုင်စွဲ
နောက်ဆုံးပန်းတိုင်ဆီအထိ
ငါတို့ တော်လှန်ချီတက်နေမည်။
မင်းတာရာ
၀၇-၁၉-၁၁

















No response to “မမေ့ကောင်းတဲ့ အတိတ်အကြောင်း”
Post a Comment