မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို ... "သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း" မှ နွေးထွေးစွာကြိုဆိုပါသည် ...

ပျောက်ဆုံးခဲ့ရ မြင့်မိုရ်ထက်က ရတနာ

လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်
ဖွါးဖက်တော်ဖြစ်ခဲ့ရ မြန်မာပြည်။

ခြောက်ဆယ့်နှစ် ပြုစားလို့ 
အဖေနဲ့ ကျုပ်အိုးစားကွဲခဲ့ရ
ကျုပ် ကျေနပ်ပါတယ်အဖေ...
တိုင်းပြေ(ပြည်)ရဲ့ 
ဘက်စုံစိုပြေဖို့  အဖေတို့ တောခိုခဲ့ကြတာ။

ရင်ခွင်ပျောက်ခံရ သားတစ်ယောက်
လောကလမ်းပေါ်လျှောက်တော့
တစ်ရာမှာ ရှစ်ဆယ်လောက်က
လက်ညိုးတွေ ငေါက်ငေါက်ထိုး.နဲ့ 
ဘ၀တစ်ခု ပေါက်ပြဲနီးပါး
သူတို့ ဂျီးတော်နွားကျောင်းကြ.။

အဖေ.....
ကျုပ်..မိုးရာသီလေးဆယ်ကျော်နီးပါး
ကျော်ဖြတ်လွှားခဲ့ရလည်း
တခါဖူးမျှ မမြင်ဖူးရတဲ့ အဖေ
ကျုပ်သွေးမြေမှာ
အသောကရာဇာရဲ့  ကျောက်စာတိုင်လို
ခိုင်ခန့် ရှင်သန်နေဆဲ
ဘမျိုး အဖိုးတူဆိုတာလား.အဖေ။။

ရှစ်ဆယ့်ရှစ်မှ ခု(ယ္ခု)ချိန်
တော်လှန်ရေးမှာ
ကျုပ် စိမ်နှစ်နေဆဲပါ..အဖေ။

ဝမ်းနည်းတာတခုတည်းပါ အဖေ
သား....ဆိုတဲ့နွေးထွေးမှုစမ်းရေခေါ်သံ
မခံရလေတော့
သံသရာ ဒီဘ၀တစ်ကျော့မှာ
ဘယ်သူမှ ဖြည့်လို့ မရတဲ့ကွက်လပ်တစ်ခု
ကျုပ်သေရွာပါ သွေးခြေဥပေါ့..။

အဖေ..
ဆရာကြီးဦးသုခရဲ့ စကား
ခဏငှါးပြောရရင်(လျှင်)
အဖေဟာ ဘာတွေလုပ်လုပ်
ဘယ်တွေရောက်ရောက်
မင်းဧရာဇ်တစ်ယောက်ဖြစ်လည်း
သူတောင်းစားတစ်ယောက်ဖြစ်နေလည်း
အဖေဟာ အဖေပါပဲ အဖေ..။

အဖေ...
ကျုပ် ဒီအသက်နဲ့ ဒီအရွယ်
သိခဲ့ရတာကို ပြောမယ်ဆိုရင်
မြစ်တစ်ဆိပ်မှာ ရေနှစ်ခါချိုးခွင့်မရ
ငယ်စဉ်ကလေးဘ၀ ကုန်လွန်ခဲ့တဲ့အချိန်
ဘုရားသခင်သော် အစားထိုးမပေးနိုင်တဲ့
အနန္တမေတ္တာရှင် အဖေနဲ့ အမေတွေပါ။

ကျေးဇူးပါအဖေ
ကျုပ်ကိုလေ
လောကဓံရှစ်ပါးနဲ့ 
တွေ့ ဆုံ ပေါင်းသင်းခွင့်ပေးသနားခဲ့တာ...။

အဖေဘယ်ဘ၀ ဘယ်နေရာရောက်ရောက်
ကျုပ်
လက်ဖ၀ါးချင်း ယှဉ်ယှက်
နဖူးထက် လက်ဆယ်ဖြာတင်
ထိခြင်းငါးအင်နဲ့ 
စိတ်ရိုင်းမှန်သမျှ မာန်ချိုး
ရင်ဘတ်တစ်ခုလုံးနဲ့ 
ရှစ်ကြီးခိုးလိုက်ပါတယ်.အဖေ
မြင့်မိုရ်ထက်က အဖေရယ်......။

မင်းတာရာ
၀၆-၁၁-၁၁

No response to “ပျောက်ဆုံးခဲ့ရ မြင့်မိုရ်ထက်က ရတနာ”